International News

စစ်တမ်းအသစ်ကောက်ယူမှုအရ COVID-19 ကာလအတွင်း အလုပ်အကိုင်များဆုံးရှုံးမည်ကို အမေရိကန်၊ ဗြိတိန်နှင့် ဩစတြေးလျနိုင်ငံတို့၌ နေထိုင်သူများထက် ဟောင်ကောင်ဒေသ၌ နေထိုင်သူများ ပိုမိုစိုးရိမ်လျှက်ရှိခြင်း

Last Updated:

စစ်တမ်းကောက်ယူမှုအသစ်အရ COVID-19 ကာလအတွင်း အလုပ်အကိုင်များ ဆုံးရှုံးမည်ကို အခြားသောနိုင်ငံများထက် ဟောင်ကောင်ဒေသ၌ နေထိုင်သူများက ပိုမိုစိုးရိမ်လျက်ရှိကြောင်း၊ လန်ဒန်အခြေစိုက် အကြံပေးလုပ်ငန်းနှင့် သုတေသနလုပ်ကိုင်သည့် C|T Group ၏ လေ့လာချက်အရ ကြောက်ရွံ့စိုးရိမ်မှုများကြောင့် မြို့ခံနေထိုင်သူများမှာ ပျော်ရွှင်မှုများနှင့် လူမှုဘဝသာယာမှုများ လျော့ကျလာသည်ကိုတွေ့ရှိရကြောင်း၊၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၁ ရက်နှင့် ၁၃ ရက်နေ့အတွင်း လူဦးရေ (၅၀၀) ဦးအား စစ်တမ်းကောက်ယူရာတွင် ဟောင်ကောင်ဒေသ၌ နေထိုင်သူ များ၏ စိုးရိမ်ပူပန်မှုမှာ (၇၃) ရာခိုင်နှုန်းရှိပြီး၊ အမေရိကန်နိုင်ငံတွင် (၅၁) ရာခိုင်နှုန်း၊ ဩစတြေးလျနိုင်ငံတွင် (၃၈) ရာခိုင်နှုန်းနှင့် ဗြိတိန်နိုင်ငံတို့တွင် (၃၆) ရာခိုင်နှုန်း အသီးသီးရှိကြောင်း၊ ဟောင်ကောင်ဒေသမှ (၅၅) ရာခိုင်နှုန်းမှာ ကမ္ဘာ့ကပ်ရောဂါ COVID-19 အားရင်ဆိုင်နိုင်ရန် နေ့စဉ် အသုံးစရိတ်ကိုလျှော့ချလျှက်ရှိပြီး ငွေသားများစုဆောင်းလျှက်ရှိကြောင်း၊ စီးပွားရေးနှင့်ငွေကြေးကဏ္ဍမကောင်းမွန်မှုကြောင့် အလုပ်လက်မဲ့များ များပြားလာကာ လူများ၏ စိတ်ပျော်ရွှင်ကျန်းမာမှုများကို ထိခိုက်လျှက်ရှိကြောင်း၊ ဟောင်ကောင်ဒေသ၌နေထိုင်သူများ၏ စိုးရိမ်ပူပမ်မှုများမှာ မြင့်မားလျှက်ရှိပြီး အသုံးစရိတ်များလျှော့ချသုံးစွဲကာ ကျန်းမာရေးကဏ္ဍဆိုင်ရာ အားနည်းမှုများ ခံစားရလျှက်ရှိကြောင်း၊ဟောင်ကောင်ဒေသ၌ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလက စတင်ဖြစ်ပွားခဲ့သည့်  COVID-19  ကြောင့် အလုပ်အကိုင်များဆုံးရှုံးခြင်းနှင့် အလုပ်ချိန်နာရီများ လျှော့ချခြင်းတို့ ကြောင့် ဟောင်ကောင်ဒေသ၏ စီးပွား‌ရေးကို ပြင်းထန်စွာထိခိုက်လျှက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအတွင်း အလုပ် လက်မဲ့နှုန်း (၆.၁) ရာခိုင်နှုန်း၊ အလုပ်လက်မဲ့ဦးရေ (၂၄၈,၃၀၀) ဦးရှိကြောင်းနှင့် ၂၀၀၃ ခုနှစ်၊ SARs ဖြစ်ပွားခဲ့စဉ်ကတည်းက စတင်၍ အမြင့်မားဆုံး ဖြစ်ခဲ့ပြီး အခြားသော နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဟောင်ကောင်ဒေသရှိနေထိုင်သူများအပေါ် ဆိုးရွားသည့်သက်ရောက်မှုပိုများကြောင်းနှင့် မိမိကိုယ်ကိုအဆုံးစီရင်မှုများ ပိုများနိုင်သည်ကို လေ့လာတွေ့ရှိရကြောင်း၊ သို့ဖြစ်ရာ ပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန် အောင် အလေးထားဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရန် (၁) နှစ်မှ (၂) နှစ်အထိ အချိန်ကြာမြင့်နိုင် ကြောင်း၊ ကာကွယ်ဆေးမရှိမချင်း ကမ္ဘာ့ကပ်ရောဂါမှာ အဆုံးမသတ်နိုင်ကြောင်းနှင့် ကာကွယ်ဆေးမှာလာမည့်နှစ်အစောပိုင်းတွင် အသုံးပြုရန် အဆင်သင့်ဖြစ်နိုင်ရန်မျှော်လင့်ကြောင်း ဟောင်ကောင်‌ဒေသနေထိုင်သူ (၃) ပုံ (၂) ပုံမှ ခန့်မှန်းထားကြောင်းနှင့် ကာကွယ်ဆေးကို မဖြစ်မနေ သုံးစွဲရမည်ဟု ဟောင်ကောင်‌ဒေသ၌ နေထိုင်သူ (၃) ပုံ (၁) ပုံမှ ပြောကြားခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Fiano Sun က “Hong Kong residents more afraid of losing their jobs during coronavirus pandemic than people in Australia, Britain, and US, new survey says” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News